ပေါက်ခေါင်းမြို့နယ်ရှိ စားသောက်ဆိုင်များအား COVID-19 ကူးစက်ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနေမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ပေါက်ခေါင်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၁)ရက်

     ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ စားသောက်ဆိုင်များတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနေမှု ရှိ၊မရှိကို (၁-၉-၂၀၂၀) ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စစ်ဆေးပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်(၇)ဆိုင်တို့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ရောင်းချနေခြင်း ရှိ၊ မရှိကို စစ်ဆေးပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

More Tags