ချင်းပြည်နယ် မိခင်နှင့်ကလေး သေဆုံးမှု လျှော့ချရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များအား အသိပေးဆွေးနွေး တင်ပြခြင်းဆောင်ရွက်

ဟားခါး၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာ (၂) ရက်

     ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် Access to Health Fund တို့ ပူးပေါင်း၍ ချင်းပြည်နယ်၏ မိခင်နှင့်ကလေးသေဆုံးမှု လျှော့ချရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား အသိပေး ဆွေးနွေးတင်ပြခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂) ရက်နေ့တွင် ဆောင်ရွက်ခဲ့ရာ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံမှ အသိပေးဆွေးနွေးတင်ပြခြင်း၏ ရည်ရွယ်ချက်နှင့် မိခင်နှင့်ကလေး သေဆုံးမှု အခြေအနေများကို ရှင်းလင်းတင်ပြသွားပါသည်။

 

 

     ထို့ပြင် လက်ထောက်ညွှန်ကြားရေးမှူး(မိခင်ကလေး/ကျောင်းကျန်းမာ/အာဟာရ) ဒေါက်တာရှာရွန်ပါရ်က အရှေ့တောင်အာရှ၊ မြန်မာနိုင်ငံနှင့် ချင်းပြည်နယ်၏ မိခင်နှင့်ကလေး သေဆုံးမှု အကြောင်းရင်းများကို ရှင်းလင်တင်ပြပြီး ချင်းပြည်နယ်၏ မိခင်နှင့်ကလေး သေဆုံးမှု လျှော့ချရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများ၊ တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြ သွားပါသည်။ ထို့နောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ သိလိုသည်များ၊ လိုအပ်ချက်များ၊ ဖြေရှင်းရန် နည်းလမ်းများ စသည်များကို ဆွေးနွေးခဲ့ကြပါသည်။

More Tags