လွိုင်ကော်မြို့တွင် ACCESS To HEALTH Fund ပြည်နယ်အဆင့်ကော်မတီနှင့် ၂၀၂၀ ခုနှစ် စတုတ္ထ (၃) လ လုပ်ငန်းစဉ်ရေးဆွဲခြင်းအစည်းအဝေး ကျင်းပဆောင်ရွက်

လွိုင်ကော်မြို့၊ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၃၁-၈-၂၀၂၀) ရက်နေ့တွင် ACCESS To HEALTH Fund ပြည်နယ်အဆင့်ကော်မတီ နှင့် ၂၀၂၀ ခုနှစ် စတုတ္ထ(၃)လ လုပ်ငန်းစဉ်ရေးဆွဲခြင်း အစည်းအဝေးကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်ဝမ်း၊ ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ၂၀၂၀ခုနှစ်၊ တတိယ(၃)လပတ် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မှု အခြေအနေ နှင့် စတုတ္ထ(၄)လပတ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီမံချက် တာဝန်ခံများ၊ RC အဖွဲ့မှ တာဝန်ခံများ၊ ပြည်နယ်အဆင့် ACCESS To HEALTH Fund ကော်မတီဝင်များ စုစုပေါင်း (၂၄)ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ACCESS To HEALTH Fund အထောက်အပံဖြင့် ဆောင်ရွက်ပြီးစီးမှုများအား ဆန်းစစ်ခြင်း၊ ၂၀၂၀ ခုနှစ် စတုတ္ထ(၃)လပတ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးအကြံပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

More Tags