COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ်တွင် တွဲဖက်တာဝန်ထမ်းဆောင်နေသူများ

(၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ "မိမိဆန္ဒအလျောက်အဆိုပြုခဲ့သည့်" အောက်ဖော်ပြပါ ဝန်ထမ်း (၁၂၈) ဦးသည် ရခိုင်ပြည်နယ်၊ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ ပေါက်တောနှင့် မာန်အောင်မြို့များတွင် တွဲဖက်တာဝန်ထမ်းဆောင်ကာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းတို့သည် မိမိတို့တွဲဖက်တာဝန်ကျရာ မြို့နယ်အသီးသီးသို့ (၁၇-၈-၂၀၂၀) ရက်နေ့မှ (၃-၉-၂၀၂၀) အတွင်း သွားရောက်ခဲ့ကြပါသည်။

 

• ညွှန်ကြားရေးမှူး (၂) ဦး၊

• ဒုတိယညွှန်ကြားရေးမှူး (၂) ဦး၊

• ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (၂) ဦး၊

• ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊

• လက်ထောက်ညွှန်ကြားရေးမှူး (၁) ဦး၊

• လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊

• လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၃) ဦး၊

• လက်ထောက်ဆရာဝန် (ရောဂါဗေဒ) (၁) ဦး၊

• လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) (၁) ဦး၊

• လက်ထောက်ဆရာဝန် (၃၈) ဦး၊

• သွားနှင့်ခံတွင်းဆရာဝန် (၁) ဦး၊

• သူနာပြုဆရာအုပ် (၁) ဦး၊

• သူနာပြုဆရာမကြီး (၂) ဦး၊

• လက်ထောက်ကျန်းမာရေးမှူး (၈) ဦး၊

• ဆေးဘက်ကျွမ်းကျင် - ၂ (ဓာတ်မှန်) (၂) ဦး၊

• ဆေးဘက်ကျွမ်းကျင် - ၂ (ဆေးဝါး) (၁) ဦး၊

• ဌာနခွဲစာရေး (၂) ဦး၊

• အထက်တန်းသူနာပြု (၂၀) ဦး၊

• သူနာပြု (၃၄) ဦးနှင့်

• သားဖွားဆရာမ (၃) ဦး၊

 

More Tags