မကွေးတိုင်းဒေသကြီး တိုင်းပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် Hospital Readiness for COVID-19 (Table top Exercise) ကျင်းပပြုလုပ်

မကွေးမြို့၊ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်

     မကွေးတိုင်းဒေသကြီးတွင် Hospital Readiness for COVID-19 Outbreak (Table top Exercise)ဆွေးနွေးပွဲကို တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ဦးဆောင်၍ တိုင်းပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Table top Exercise ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကား ပြောကြားရာတွင် COVID-19 ရောဂါသည် ယခုအခါ ပိုမိုကူးစက်နှုန်း မြင့်မားလာသည်ကို တွေ့ရှိနေရပါကြောင်း၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အများအပြားကူးစက်ပြန့်ပွား နေပါကြောင်း၊ ရခိုင်ပြည်နယ် နှင့် နယ်နမိတ်ချင်းထိစပ်နေသော မိမိတို့ မကွေးတိုင်းဒေသကြီးတွင်လည်း ရောဂါ အများ အပြား ကူးစက်ပြန့်ပွားလာသည်ကို ကြုံတွေ့ရနိုင်ကြောင်း၊ မိမိတို့တိုင်းဒေသကြီး အနေ ဖြင့် ယခင်က အတည်ပြုလူနာ(၃)ဦး လက်ခံကုသပေးခဲ့သည့် အဖိုးတန်သော အတွေ့ အကြုံများ ရရှိပြီးဖြစ်ကြောင်း၊ Community Based Facility Quarantine Site များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး စစ်ဆေးခဲ့သူဦးရေ စုစုပေါင်းမှာ(၁၀၀၀၀)ခန့် ရှိပြီ ဖြစ်ကြောင်း၊ ၎င်းအတွေ့အကြုံများကို အသုံးချဖလှယ်ပြီး လူနာအများအပြား အစုလိုက် ရောက်ရှိလာပါက တုံ့ပြန်ဆောင်ရွက်မည့် ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ ကို Table Top Exercise ပြုလုပ်၍ ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆွေးနွေးပွဲကို မကွေးသင်ကြားရေးဆေးရုံအုပ်ကြီး၊ တိုင်းပြည်သူ့ဆေးရုံအုပ်ကြီး၊ ပခုက္ကူပြည်သူ့ဆေးရုံအုပ်ကြီး၊မင်းဘူးဆေးရုံအုပ်ကြီး၊ ဂန့်ဂေါခရိုင်ဆေးရုံအုပ်၊ သရက်ခရိုင် ဆေးရုံအုပ်၊ရေစကြိုဆေးရုံအုပ် ပါမောက္ခဆရာဝန်ကြီး(မေ့ဆေး)၊ ပါမောက္ခဆရာဝန်ကြီး (ဆေးပညာ)၊ နှင့် အထူးရောဂါနှိမ်နင်းရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags