ဟားခါးမြို့နယ်၊ ဆတ္တားကျေးလက်ကျန်းမာရေးဌာနခွဲတွင် အာဟာရမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်

ဟားခါး၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၉ ရက်   

     ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Access to Health Fund, Save the Children တို့ ပူးပေါင်းပံ့ပိုးမှုဖြင့် ဟားခါးမြို့နယ် ဆတ္တားကျေးလက်ကျန်းမာရေးဌာနခွဲသို့ အာဟာရ မြှင့်တင်ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့တွင် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင် ဦးဆောင်၍ အာဟာရပြည့်ဝသည့် ချက်ပြုတ်နည်း သရုပ်ပြသခြင်း၊ အာဟာရဆိုင်ရာ အမေးအဖြေပြုလုပ်ခြင်း၊ အာဟာရဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း အပါအဝင် လက်ဆောင်ပစ္စည်း ပေးအပ်ခြင်းတို့ကို ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် ပျိုရွယ်သူများ စုစုပေါင်း (၃၀) ဦးတို့နှင့် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဆတ္တားကျေးလက်ကျန်းမာရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

 

 

 
 

More Tags