ဟားခါးမြို့နယ်တွင် ကလေးသေဆုံးမှု စောင့်ကြပ်လေ့လာခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း (CDSR) Review Meeting ကျင်းပ

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၈ ရက်   

     ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Access to Health Fund တို့ ပူးပေါင်း၍ ကလေးသေဆုံးမှု စောင့်ကြပ်လေ့လာခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း ဒုတိယသုံးလပတ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ကျင်းပခဲ့ရာ အဖွင့်အမှာစကားကို ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ က ပြောကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအထိ ချင်းပြည်နယ်အတွင်း ကလေးသေဆုံးမှုများ အား ဒေါ်ခေါမွေငူးရီ၊ ဦးစီးအရာရှိ(သူနာပြု)မှ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြပါသည်။

More Tags