COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးသတိပေးချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေး

လက်ပံတန်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၈) ရက်

     ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာရဲဝင်း၏ ဦးဆောင်မှုဖြင့်လက်ပံတန်းမြို့အတွင်းရှိ ဈေးများတွင် ဈေးရောင်းဈေးဝယ်သူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးသတိပေးချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရေးအတွက် ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်း၊ Mask တပ်ဆင်ထားမှု စစ်ဆေးခြင်းနှင့် အသိပညာပေးမှုများဆောင်ရွက်ခြင်းကို (၂၈-၈-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ် COVID-19 ကော်မတီဝင်များနှင့် ဈေးကော်မတီဝင်များမှ ပူးပေါင်းဆောင်ရွက်ပြီး နေ့စဉ် ကြီးကြပ်ဆောင်ရွက်လျှက်ရှိပါသည်။

More Tags