Integration with Private Sectors in Childhood Immunization နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆရာဝန်အသင်း(မော်လမြိုင်)၊ အထူးကုဆရာဝန်ကြီးများနှင့် အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊၂၀၂၀ပြည့်နှစ်၊ဩဂုတ်လ(၂၈)ရက်

     Integration with Private Sectors in Childhood Immunization နှင့်ပတ်သက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)၊ အထူးကုဆရာဝန်ကြီးများနှင့် အသိပေးဆွေးနွေးပွဲကို ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကာကွယ်ဆေးလွှမ်းခြံမှုများမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မြင့်မားလာသော်လည်း မြို့ပြ ဆင်ခြေဖုံးဒေသများ၊ ဝေးလံခက်ခဲသောဒေသများ၊ ကာကွယ်ဆေးထိုး လုပ်ငန်းလွှမ်းခြုံမှု မရရှိနိုင်သေးသောဒေသများ ရှိနေခြင်းကြောင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများ ပြန်လည်ဦးမော့လာခြင်း၊ ကပ်အသွင် ဖြစ်ပွားခြင်းတို့ကို တွေ့ရှိနေရခြင်းကြောင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ ၊ Private Sectors များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများသည်လည်း အထူးပင်အရေးပါကြောင်းနှင့် ရှေ့ဆက်ပူးပေါင်းကူညီ လုပ်ဆောင်ပေးရန် စသည်တို့ကို တိုက်တွန်းပြောကြားခဲ့ပါသည်။


     ဆက်လက်၍ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေး/ကူးစက်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းပပဌေးက တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်၊ ကာကွယ်ဆေးထိုးလုပ်ငန်း၏ မှတ်တိုင်များ၊ လက်ရှိဆောင်ရွက်နေမှုများ၊ အအေးလမ်း ကြောင်းထိန်း ပစ္စည်းကိရိယာများ၊ အအေးလမ်း ကြောင်း ထိန်းသိမ်းမှု ဆိုင်ရာနည်းစနစ်များ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

 

More Tags