ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် အာဟာရ ရက်သတ္တပတ်များ ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ကျိုင်းတုံမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၈) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၉:၀၀) နာရီတွင် (၂၀၂၀)ခုနှစ် အာဟာရ ရက်သတ္တပတ်များ ပြည်နယ်အဆင့်ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာကျော်ကျော်လင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်များနှင့် သူနာပြုဆရာမများ၊ ရုံးဝန်ထမ်းများ၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ပညာရေးဌာနများမှဌာနဆိုင်ရာဖိတ်ကြားထားသော ဧည့်သည့်တော်များ၊ ပြည်တွင်းပြည်ပမှ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ မှတ်တမ်းတင်ထားသည့် ဗွီဒီယိုများပြသခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို မနက် (၁၀:၄၅) နာရီတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။

 

 

More Tags