ရခိုင်ပြည်နယ်တွင် ကူးစက်ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ အရေးပေါ် တုံ့ပြန်ထိန်းချုပ်ရေး ဆေးနှင့် ဆေးပစ္စည်းများ MNA လေကြောင်းလိုင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိ

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၂၉)ရက်နေ့

     ရခိုင်ပြည်နယ်အတွင်း လတ်တလော ကူးစက်ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်း ကိရိယာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရခိုင်ပြည်နယ်သို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့လျက်ရှိရာ ယနေ့ (၂၉-၈-၂၀၂၀) ရက်နေ့တွင်လည်း MNA လေကြောင်းလိုင်းဖြင့်ပေးပို့သော အရေးပေါ် ဆေးနှင့်ဆေးပစ္စည်းများ စစ်တွေမြို့သို့ ငါးကြိမ်မြောက် ရောက်ရှိခဲ့ပါသည်။


     ဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်သို့ ကားလမ်းကြောင်းဖြင့်လည်း ဆေးနှင့်ဆေးပစ္စည်းများ ပေးပို့လျက်ရှိရာ အရေးပေါ်လိုအပ်လျက်ရှိသော Ambulance လူနာတင်ယာဉ် (၃) စီးလည်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ ယနေ့ပင် ရောက်ရှိပြီး အခြားလိုအပ်သော မြို့နယ်များသို့လည်း (၃၀-၈-၂၀၂၀) ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပါသည်။

More Tags