ဝေါမြို့နယ်တွင် COVID-19 ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်

ဝေါမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၇) ရက်

     ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင် ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ NGO များပူးပေါင်းပြီး (၂၇-၈-၂၀၂၀) ရက်နေ့တွင် ဝေါမြို့နယ်၊ မြို့မဈေး၊ ကားဂိတ်များ၊ လူစည်ကားရာနေရာများတွင် ပြည်သူများ COVID-19 ရောဂါကာကွယ်နိုင်ရန် Mask Campaign ပြုလုပ်ခဲ့ပြီး ပြည်သူလူထုအား Mask (၁၅၀၀)ခုကို ဖြန့်ဝေပေးခဲ့ပါသည်။

More Tags