ချင်းပြည်နယ်တွင် Covid-19 ရောဂါနှင့်ပတ်သက်၍ ဆေးရုံများ၌ စနစ်တကျ တုံ့ပြန်ဆောင်ရွက် နိုင်ရေး ဘက်စုံအဆင်သင့် ပြင်ဆင်ထားရှိနိုင်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်း ပြုလုပ်

ဟားခါး၊၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၅)ရက်

     ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ၏ ဦးဆောင်မှုဖြင့် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၅)ရက်နေ့ ညနေပိုင်းတွင် Covid-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ Table Top Exercise အား ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဆေးရုံများ၌ စနစ်တကျ ပြင်ဆင်ထားရှိနိုင်ရေးအတွက် ရခိုင်ပြည်နယ်ကဲ့သို့ ရုတ်တရက် ရောဂါဖြစ်ပွားမှု များပြားလာပါက ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ ကူးစက်မှုမရှိစေရန်၊ လူနာကုသရန် Isolation Ward များ အဆင်သင့်ဖြစ်နေစေရန်၊ ယာယီဆေးရုံနှင့် Community-based Facility Quarantine များအား ကြိုတင်စီစဉ်ထားရန်၊ လူနာများပြားလာပါက ဆေးရုံတင်မည့် Criteria များ၊ ဆေးနှင့်ဆေးပစ္စည်းများအပြင် ရောဂါကာကွယ်ရေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းထားရန်၊ ပြည်သူလူထုအတွင်းတွင် ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် စသည်တို့အား တက်ရောက်လာသည့် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်၊ ဒုတိယညွှန်ကြားရေးမှူး(ကုသရေး)၊ ချင်းပြည်နယ်(၈)မြို့နယ်မှ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဌာနခွဲ အသီးသီးမှ တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

 

 

More Tags