ချင်းပြည်နယ်တွင် ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဟားခါး၊၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၅)ရက်

     ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၅)ရက်နေ့တွင် ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲ အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကုသရေး ဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင်က ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ဆွေးနွေးတင်ပြ ရှင်းလင်းသွားပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးရုံးမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ချင်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးများ တက်ရောက် ဆွေးနွေးကြပါသည်။

 

 

More Tags