COVID – 19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း (မော်လမြိုင်)နှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၆) ရက်

     COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း (မော်လမြိုင်)နှင့် ညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်လ (၂၆) ရက်နေ့၊ နေ့လည် (၃:၀၀) နာရီအချိန်တွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်က အဖွင့်အမှာစကားပြောကြားရာတွင် (COVID-19) ရောဂါဖြစ်ပွားမှု ဖြစ်စဉ်များသည် နေ့စဉ်နှင့်အမျှ၊ နာရီနှင့်အမျှ ပြောင်းလဲလာနိုင်သဖြင့် ထူးခြားသတင်းအချက်အလက်များရှိပါက ဆက်သွယ်ဆောင်ရွက်ပြီး ပူးပေါင်းကူညီပေးကြပါရန်နှင့် ကြုံတွေ့နေရသည့် အခက်အခဲများအား ညှိနှိုင်းဆွေးနွေးပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် မွန်ပြည်နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာန၊ အထူးရောဂါနှိမ်နင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဝင်းပပဌေးမှ (COVID-19) ရောဂါနှင့် ပတ်သက်၍ လက်ရှိကမ္ဘာ့ နိုင်ငံအချို့တွင်ဖြစ်ပွားနေမှုအခြေအနေ၊ မြန်မာနိုင်ငံအတွင်းရှိ စောင့်ကြည့် လူနာနှင့်သံသယလူနာများ၏ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ၊မွန်ပြည်နယ်အတွင်း COVID -19 သံသယလူနာနှင့် ပိုးတွေ့လူနာ၏အခြေအနေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သောညွှန်ကြားချက်များ၊ ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ ပြည်နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက် လာသူများမှ မေးမြန်ဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းဆွေးနွေးပွဲကို ညနေ (၄:၀၀)အချိန်ခန့်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီး များ၊ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)မှ ဆရာဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ စုစုပေါင်း(၅၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

More Tags