နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့ နေပြည်တော် မြို့ဝင်/မြို့ထွက်ဂိတ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊(၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ(၂၄) ရက်နေ့

     COVID-19 ကြိုတင် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် မြို့ဝင်/မြို့ထွက် ဂိတ်များ၌ ဝင်ရောက်လာသူများကို စစ်ဆေးမှုသည်လည်း အရေးကြီး လုပ်ငန်းစဉ်တစ်ခု အဖြစ်ပါဝင်သည်။ နေပြည်တော် ကောင်စီဝင် ဦးမင်းနောင်၊ ကောင်စီဝင် ဦးတင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့်အဖွဲ့သည် (၂၄.၈.၂၀၂၀) ရက်၊ တနင်္လာနေ့ နံနက် (၁၀) နာရီအချိန်တွင် နေပြည်တော် မြို့ဝင်/မြို့ထွက်ဂိတ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

 


    သွားရောက်ကြည့်ရှုရာတွင် နေပြည်တော်သို့ ဝင်ရောက်လာသူများအား စနစ်တကျ စစ်ဆေးမှုခံယူနိုင်ရေး၊ လူများအများအပြား စုဝေးမှုမဖြစ်စေရေး၊ ယာဉ်များပိတ်ဆို့မှု မဖြစ်စေရေးအတွက် လိုအပ်သော ထောက်ခံချက်များ စစ်ဆေးသည့်နေရာ၊ ကျန်းမာရေးစစ်ဆေးမည့် နေရာများအား အမြန်ဆောက်လုပ်ပေးရန်၊ ယာဉ်များအား အမျိုးအစားအလိုက် လမ်းကြောင်းဖော်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ရန် လိုက်ပါလာသော တာဝန်ရှိဌာနများမှ တာဝန်ခံများအား မှာကြားပါသည်။ ထို့နောက် ကောင်စီဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ဂိတ်များ၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စနစ်တကျ အားဖြည့်ဆောင်ရွက်ရန်နှင့် အားပေးစကား ပြောကြားခဲ့ပါသည်။

 

More Tags