ထားဝယ်မြို့တွင် Post abortion care Training ကျင်းပပြုလုပ်

ထားဝယ်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၁၇) ရက်

     Post abortion care Training သင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင်သစ် အစည်းအဝေးခန်းမ၌ (၁၇-၈-၂၀၂၀) ရက်နေ့တွင် ပြုလုပ်ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း တက်ရောက်အမှာစကားပြောကြားပါသည်။ ထို့နောက်သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ အဆိုပါ အခမ်းအနားသို့ ထားဝယ်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး များ၊ သူနာပြုဆရာမများ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ကြပါသည်။ အဆိုပါသင်တန်းကို (၁၇-၈-၂၀၂၀)ရက်နေ့မှ(၂၁-၈-၂၀၂၀)ရက်နေ့အထိ (၅)ရက် ပြုလုပ်မည်ဖြစ်သည်။

More Tags