ထားဝယ်မြို့နယ်တွင် PMTCT training for new BHS သင်တန်း ကျင်းပပြုလုပ်

ထားဝယ်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၈ ရက်   

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ထားဝယ်ခရိုင်အဆင့် PMTCT training for new BHS သင်တန်းဖွင့်ပွဲကို (၁၈-၈-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးဟောင်းအစည်းအဝေးခန်းမ‌၌ ပြုလုပ်ရာတွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမင်း က အဖွင့်အမှာစကား ပြောကြားပါသည်။ အဆိုပါအခမ်းအနားသို့ ထားဝယ်ခရိုင်အတွင်း PMTCT training မတက်ရသေးသော အခြေခံကျန်းမာရေး ဝန်ထမ်းစုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ကြပါသည်။သင်တန်းကို HIV/AIDS Team မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်တင့်ထွန်းနှင့် အဖွဲ့ကသင်ကြားပို့ချ ပေးပါသည်။ အဆိုပါ သင်တန်းကို (၁၈-၈-၂၀၂၀) မှ (၁၉-၈-၂၀၂၀) ရက်နေ့အထိ (၂) ရက်ပြုလုပ်မည် ဖြစ်ပါသည်။

More Tags