ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ စစ်တွေမြို့သို့ ရောက်ရှိ

(၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၅) ရက်

မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ ယနေ့ (၂၅-၈-၂၀၂၀) ရက်နေ့တွင် ရောက်ရှိခဲ့သည့် -

ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်ကြမည့် -
• လက်ထောက်ဆရာဝန် (၃) ဦး၊
• သွားနှင့်ခံတွင်းဆရာဝန် (၁) ဦး၊
• ပြည်သူ့ကျန်းမာရေးဆရာမကြီး (၁) ဦး၊
• အထက်တန်းသူနာပြု (၅) ဦးနှင့်
• သူနာပြု (၁၂) ဦး တို့ကို

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်သို့သွားရောက် ကြိုဆိုခဲ့ပါသည်။

အဆိုပါ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကိုလည်း ပို့ဆောင်ခဲ့ပါသည်။

 

 

More Tags