ရခိုင်ပြည်နယ်တွင် ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို Video Conference စနစ်ဖြင့် ပြုလုပ်ကျင်းပ

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၅ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန Central Command Centre ၌ (၂၅.၈.၂၀၂၀) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ရခိုင်ပြည်နယ်တွင် ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ၊ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်းသော အစည်းအဝေးကို  Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး)၊ ညွှန်ကြား ရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) နှင့် ညွှန်ကြားရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး အရေးပေါ်အခြေအနေများအတွက် ဆေးရုံ၌ အဆင်သင့် ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် လူနာများ ပြုစုကုသရေးလုပ်ငန်းများအတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် Central Clinical Management Committee အဖွဲ့ဝင်များနှင့် ပြည်နယ်ကုသရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်နှင့် ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့တို့မှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

 

     ရခိုင်ပြည်နယ်ရှိ COVID-19 လူနာများကို ကုသမှုများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ရောဂါထောက်လှမ်း ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့အနေဖြင့် Clinical Management Committee နှင့် ညှိနှိုင်းဆောင်ရွက်မှုများ၊ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် Gene Expert စက် တစ်လုံး ထပ်မံ ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ Portable X-ray ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ Infection Prevention and Control Practice များ စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ Camp များတွင် ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရောဂါလက္ခဏာ မပေါ်ပေါက်သေးသည့် လူနာများကို သူနာပြုသင်တန်းကျောင်းတွင် ထားရှိ နိုင်ရေး ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ထပ်မံ၍ လူနာများပြားလာလျှင် ထားရှိမည့် နေရာများ စီစဉ်ဆောင်ရွက်နေမှုများကို အသေးစိတ် ဆွေးနွေးကြပါသည်။

 

     ထို့အပြင် Central Clinical Management Committee အဖွဲ့ဝင်များဖြစ်သည့်အပြင် ဝေဘာဂီအထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် COVID-19 Medical Centre တို့၌ ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများမှ ဝိုင်းဝန်းဆွေးနွေးအကြံပေးမှုများ ဆောင်ရွက်ခြင်း၊ အတွေ့အကြုံများ ဖလှယ်ခြင်း၊ Clinical Management Guidelines and Management Protocol update ဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည့်အပြင် ရောဂါကူးစက်ခံရသော ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများကို psychologically support ပေးခြင်း အစရှိသည့် ကိစ္စရပ်များကို ဆွေးနွေးကြပြီး နံနက် (၁၀:၃၀) အချိန်တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

 
 

More Tags