လွိုင်ကော်မြို့တွင် ဆေးဝါးပစ္စည်းများ စီမံခန့်ခွဲမှုနှင့် ဆေးဝါးပစ္စည်းများ တွက်ချက်မှာယူဖြန့်ဖြူးရေးသင်တန်း (State Level Procurement and Drug Stock Management Training) ကျင်းပပြုလုပ်ခြင်း

လွိုင်ကော်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၁ ရက်   

     ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၂-၈-၂၀၂၀)ရက်နေ့၌ ဆေးဝါးပစ္စည်းများ စီမံခန့်ခွဲမှုနှင့် ဆေးဝါးပစ္စည်းများ တွက်ချက်မှာယူ ဖြန့်ဖြူးရေးသင်တန်း (State Level Procurement and Drug Stock Management Training) ကိုကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်မာရေးဦးစီးဌာနမှူး၊ ဒေါက်တာဌေးလွင်က  နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်ဝမ်း၊ ဒု-ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးမှ ပြည်နယ်ကျန်းမာရေးဌာနမှ ဆောင်ရွက်လျှက်ရှိသော ဆေးဝါးဝယ်ယူရေး လုပ်ငန်း များ၊ ဆောင်ရွက်သွားမည့် အစီအမံများ၊ မြို့နယ်များကဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးသင်ကြားခဲ့ပါသည်။ တက်ရောက်လာသော မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး များက သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြပါသည်။ အခမ်းအနားသို့ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးစတိုတာဝန်ခံများ စုစုပေါင်း (၃၁)ဦး တက်ရောက်ခဲ့ပါသည်။

More Tags