ထန်တလန်မြို့ပေါ်ရှိ အထက်တန်းကျောင်းများသို့ COVID-19 ရောဂါကာကွယ်တားဆီးရေး ပြည်နယ်အဆင့် ကြီးကြပ်ဆန်းစစ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

ထန်တလန်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၁၉) ရက်

     COVID-19 ရောဂါကာကွယ်တားဆီးရေး ပြည်နယ်အဆင့် ကြီးကြပ်ဆန်းစစ်ရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတို့ပူးပေါင်း၍ ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ Chin Land Flower ကိုယ်ပိုင် အထက်တန်းကျောင်းတို့အား COVID-19 ရောဂါကာကွယ်တားဆီးရေး ပြင်ဆင်ထားရှိနေမှုအား ပိုမိုကောင်းမွန်စေရန် သွားရောက်စစ်ဆေးခဲ့ပါသည်။

More Tags