COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (23-8-2020, 8:00 AM)

၁။ (၂၂-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ်အနေဖြင့် ဓာတ်ခွဲနမူနာ (၂၅၂) ခုနှင့်
- ရန်ကုန်မြို့၊ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၄၇) ခုတို့
အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦးတွေ့ရှိပါသည်။

၂။ (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၄၄) ဦး ရှိပြီဖြစ်ပါသည်။

၃။ (၂၂-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် -

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၅၉၂) ခု၊
• ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၁၂၇) ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၇၆) ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၀၉) ခု၊
• ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၃၉) ခုနှင့်
• ရန်ကုန်မြို့၊ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၄၇) ခု၊
• စုစုပေါင်း (၁,၂၉၀) ခုအား စစ်ဆေးခဲ့ပါသည်။

 

More Tags