ဖျာပုံမြို့နယ်နှင့် ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ တွင် COVID-19 ကာကွယ်ရေး ပြင်ဆင်ထားရှိမှု အခြေအနေကို ကွင်းဆင်းကြီးကြပ်

ဖျာပုံ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၄ ရက်

     ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟအောင်သည် ယနေ့ နံနက်ပိုင်းက ဖျာပုံမြို့နယ်နှင့် ဘိုကလေး မြို့နယ်တို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ သွားရောက်၍ COVID-19 ကာကွယ်ရေး ပြင်ဆင်ထားရှိမှုအခြေအနေကို ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။ ထိုသို့ ကြီးကြပ် ဆောင်ရွက်ရာတွင် Checklist အသုံးပြု၍ နေ့စဉ်ဆန်းစစ်ခြင်း၊ ပိုးသန့်စင်ခြင်းဆိုင်ရာလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေးတို့ကို အဓိကမှာကြားခဲ့ပြီး ကျောင်းအုပ်ကြီးများမှ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ပါသည်။ ကွင်းဆင်းကြီးကြပ်ရာတွင် သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags