COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (19-8-2020, 8:00 AM)

၁။ (၁၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၉၄၃)ခုတွင်-

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦးတွေ့ရှိရပါသည်။

၂။ (၁၉-၈-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၃၇၉)ဦး ရှိပါသည်။

၃။ (၁၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၁,၂၂၃ ) ခု၊
• ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၂၂၀) ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၇၈)ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခုနှင့်
• ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၂၁၆) ခု၊
• စုစုပေါင်း (၁,၉၉၃) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

More Tags