ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် မိခင်နို့ စနစ်တကျ တိုက်ကျွေးခြင်းဆိုင်ရာ ကျန်းမာရေးပညာပေးဟောပြောခြင်း

ထားဝယ်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၃ ရက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး သားဖွားနှင့်မီးယပ်ရောဂါကုသဆောင်တွင် ၂၀၂၀ ပြည့်နှစ် ၊ သြဂုတ်လ (၁၃)ရက်နေ့တွင် သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်ယုယုဇင်က ဦးဆောင်၍ ကိုယ်ဝန်ဆောင်မိခင်၊ မီးတွင်းမိခင်၊ နို့တိုက်မိခင်များနှင့် မိသားစုဝင်များအား   မိခင်နို့စနစ်တကျတိုက်ကျွေးခြင်းဆိုင်ရာ ကျန်းမာရေးပညာပေး ဟောပြောခဲ့ ပါသည်။ နည်းစနစ် မှန်ကန်စွာ မိခင်နို့တိုက်ကျွေးနိုင်ရေး ကျန်းမာရေးပညာပေးခြင်း၊ လက်တွေ့လုပ်ဆောင်စေခြင်းများကို ထားဝယ်ပြည်သူ့ဆေးရုံကြီး သားဖွားနှင့်မီးယပ်ရောဂါ ကုသဆောင်တွင် အပတ်စဉ် ဆောင်ရွက်လျက်ရှိ ပါသည်။

More Tags