COVID-19 ရောဂါကာကွယ်တားဆီးရေး ပြည်နယ်အဆင့် ကြီးကြပ်ဆန်းစစ်ရေးအဖွဲ့ မင်းတပ်မြို့ပေါ်ရှိ အထက်တန်းကျောင်းများသို့ ကွင်းဆင်းစစ်ဆေး

မင်းတပ်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၂ ရက်

     COVID-19 ရောဂါကာကွယ်တားဆီးရေး ပြည်နယ်အဆင့် ကြီးကြပ်ဆန်းစစ်ရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ချင်းပြည်နယ် မင်းတပ်မြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊  အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တပ်မြေ၊ ရွှေပေလွှာကိုယ်ပိုင်အထက်တန်းကျောင်းနှင့် Grace ကိုယ်ပိုင်အထက်တန်းကျောင်းတို့အား COVID-19 ရောဂါကာကွယ်တားဆီးရေး ပြင်ဆင်ထားရှိနေမှုအား ပိုမိုကောင်းမွန်စေရန် သွားရောက်စစ်ဆေးခဲ့ ပါသည်။

More Tags