မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် COVID-19 ကာကွယ်ရေးအတွက် ဈေး၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား စစ်ဆေးခြင်းဆောင်ရွက်

ဘီးလင်းမြို့၊၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၁၂)ရက်

     မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မင်္ဂလာဈေးတွင် ဈေးရောင်း/ ဈေးဝယ်သူများ Mask တပ်ဆင်၍ ရောင်းချ/ ဝယ်ယူမှုရှိ မရှိကို (၁၂.၈.၂၀၂၀) ရက်နေ့တွင် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ပူးပေါင်း၍ စစ်ဆေးပညာပေးခြင်းများကို ဆောင်ရွက် ခဲ့ကြပါသည်။ ဆက်လက်၍ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် (၉) ဆိုင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ရောင်းချနေမှုရှိမရှိကို စစ်ဆေး ပညာပေးခဲ့ကြသည်။

 

 

More Tags