အင်းစိန်မြို့နယ်ရှိ Quarantine Centers များတွင် COVID-19 ရောဂါ ကာကွယ်ရေး ပြင်ဆင်ထားရှိမှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၃ ရက်

    ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနော်သန္တာဆွေဦးဆောင်၍ (၃.၈.၂၀၂၀) ရက်နေ့တွင် သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာဆရာဝန် ဒေါက်တာ ခင်မို့မို့နှင့် အဖွဲ့သည် အင်းစိန်မြို့နယ်အတွင်းရှိ SPRINE LINE ဟိုတယ်၊ YANGON AIRPORT ဟိုတယ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှိ Community-Based Facility Quarantine Center များတွင်တာဝန်ချထားသော Medical Team များကိုကြီးကြပ်ခြင်း၊ Quarantine ဝင်သူများအနေဖြင့် စည်းကမ်းနှင့်အညီနေထိုင်စေရေး၊ Infection control စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုရှိစေရေးနှင့် လူအဝင်အထွက်အား စီစစ်ပေးရေး စသည်တို့ကို ကွင်းဆင်းကြီးကြပ် ပံ့ပိုးမှုပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

More Tags