ပဲခူးမြို့နယ် ကျောက်တန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနများသို့ တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကွင်းဆင်းကြည့်ရှု

ပဲခူး၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂ ရက်

    ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်သည် ကျောက်တန်း ကျေးလက်ကျန်းမာရေးဌာနသို့ (၂-၈-၂၀၂၀) ရက်နေ့တွင် Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့ရာ ကျန်းမာရေးမှူး ဒေါ်နော်မာရင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ လုပ်ငန်းလိုအပ်ချက်များကို တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဦးစီးမှူးက ပြည်သူလူထု အလေးထားသော ကျန်းမာရေးဌာနဖြစ်အောင် ကြိုးစားဆောင်ရွက်ရေး၊ သွေးလွန် တုပ်ကွေးရောဂါအပါအဝင် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေး၊ Covid-19 ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ပိုမိုအားထုတ်ဆောင်ရွက်နိုင်ရေးစသည်တို့ကို ဆွေးနွေးမှာကြားခဲ့ကာ လိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

၎င်းနောက် တိုင်းဒေသကြီးဦးစီးမှူးသည် ကျောက်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုတိုးတက်မူရှိစေရန် တွေ့ဆုံဆွေးနွေးခြင်း၊ ကျောက်တန်းအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ၏ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပြင်ဆင်ထားရှိမူ အခြေအနေများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ တိုင်းဒေသကြီးဦးစီးမှူးသည် ကျောက်တန်းကျေးရွာရှိ ပန်းပျိုးလက်ဆရာတော်ထံသို့ သွားရောက်၍ ကျန်းမာရေး အကာအကွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

More Tags