ပဲခူးတိုင်းဒေသကြီးအဆင့် Strengthening of intersectoral coordination among concerned Stakeholders for Preparedness and Response of COVID-19 အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃၁ ရက်

    ပဲခူးတိုင်းဒေသကြီး၊ Strengthening of intersectoral coordination among concerned Stakeholders for Preparedness and Response of COVID-19 အစည်းအဝေးကို (၃၀-၇-၂၀၂၀) ရက် နေ့မှ (၃၁-၇-၂၀၂၀) ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးတွင် ဒေါက်တာအေးအေးငြိမ်း (ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး) မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း/ကူးစက်ဌာနမှ ဒေါက်တာသင်းသင်းလှိုင် (လက်ထောက် ညွှန်ကြားရေးမှူး) မှ COVID-19 ထိန်းချုပ်ကာကွယ်ကုသရေးနှင့် ပတ်သက်၍ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းခဲ့ပါသည်၊၊

 

     ၎င်းနောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာလွင်လွင်ရီ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် တိုင်းပညာရေးမှူးရုံး၊ ဒေါ်သန်းသန်းဌေး (ဒုတိယညွှန်ကြားရေးမှူး) တို့မှ အခြေခံ ပညာကျောင်းများ COVID-19 ရောဂါကာကွယ်တားဆီးရေးနှင့် ဘေးကင်းလုံခြုံစွာ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအလိုက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများအား တင်ပြခဲ့ပါသည်။ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကိုဦး (ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာမြတ်မိုးကြည် (ဒုတိယညွှန်ကြား ရေးမှူး) နှင့် ဒေါက်တာသန္တာဆွေ (လက်ထောက်ညွှန်ကြားရေးမှူး) တို့မှလည်း ပြည်သူလူထုများအား Awareness ပိုမိုရရှိစေရန် Mask တပ်ဆင်ခြင်းများ အလေ့အကျင့် ပြုလုပ်သင့်ကြောင်း ပြောကြား ခဲ့ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ဦးဟောက်ကျင်မုန် (ဒုတိယညွှန်ကြားရေးမှူး)မှ တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များအား ကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများအား တင်ပြခဲ့ပြီး တိုင်းရဲတပ်ဖွဲ့မှ ဉီးသင်းအောင် (ရဲမှူးဦးစီး)မှ Facility Quarantine Center များတွင် ဥပဒေနှင့်အရေးယူ ဆောင်ရွက်ခဲ့မှု အခြေအနေများအား တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ဌာနဆိုင်ရာများမှ စုစုပေါင်း(၅၀)ဦး တတ်ရောက်ခဲ့ပါသည်။

 
 

More Tags