မင်္ဂလာဒုံမြို့နယ်ရှိ COVID-19 စီမံခန့်ခွဲမှု‌ကော်မတီအဖွဲ့နှင့် ပူးပေါင်း၍ ‌‌ဈေးဆိုင်များအား ကျန်းမာရေး သတိပေးချက်များနှင့်အညီ ရောင်းချခြင်း ရှိ မရှိ စစ်ဆေး‌

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃၀ ရက်

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ COVID-19 စီမံခန့်ခွဲမှု‌ကော်မတီ အဖွဲ့နှင့် ပူးပေါင်း၍ ‌(၃၀.၇.၂၀၂၀) ရက်နေ့တွင် ကျန်းမာရေးသတိပေးချက်များနှင့်အညီ ရောင်းချခြင်းရှိ မရှိ စစ်ဆေး‌ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ အခြေခံကျန်းမာရေးပညာရှင်များ၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်ကျန်းမာအဖွဲ့မှကျန်းမာရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ  ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags