မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံများအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (နေပြည်တော်) နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃၀ ရက်

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်‌အောက်ရှိ ICDG co.ltd နှင့် WAA ရေခဲမုန့်စက်ရုံတို့အား  (၃၀.၇.၂၀၂၀)ရက်နေ့ နံနက်ပိုင်း၌ ဝန်ကြီးဌာနမှ ချမှတ် ထားသော လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ခြင်း ရှိ မရှိ၊ ပစ္စည်းများထားသိုခြင်း ရှိ မရှိအား  နေပြည်တော် အစားအသောက်နှင့်‌ ဆေးဝါးကွပ်ကဲ‌ရေး ဦးစီးဌာနမှ တာဝန်ခံဆရာဝန်နှင့်အဖွဲ့၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁)နှင့် မြို့နယ်စည်ပင်ကျန်းမာအဖွဲ့မှ တာဝန်ရှိသူများ၊ မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

More Tags