ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ကွန်ဟိန်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃၀ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းဖွင့်လှစ်လိုက်နာ ဆောင်ရွက်မှုအခြေအနေများကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့မှ တာဝန်ရှိသူများက ဇူလိုင်လ ၂၉ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဦးရဲမင်းဌေး၊ ကွန်ဟိန်းမြို့နယ် ပညာရေးမှူး ဒေါ်နန်းဖြူဆိုင် ၊ ကွန်ဟိန်းမြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်နန်းကြာရွှေ နှင့်ဝန်ထမ်းများက ကျောင်းသားကျောင်းသူများကို ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေး ဘေစင်၊ လက်သန့်ဆေးရည်၊ နှာခေါင်းစည်း၊ Face Shield မျက်နှာကာများ စနစ်တကျ တပ်ဆင်ထားခြင်းရှိ/မရှိ နှင့် ကျောင်းသားမိဘများ ကျောင်းသို့မလာမည်နှင့် လာရောက်စဉ် လိုက်နာရမည့်စည်းကမ်းချက်များနှင့်အညီ စာသင်ခန်းများအတွင်း ကြေငြာထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

More Tags