ရွာငံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေးခြင်းများကို Hand Speaker များဖြင့် ဆောင်ရွက်လျက်ရှိ

ရွာငံ၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃၀ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မြိုင်နှင့်မြင်းကျဒိုးတိုက်နယ်ကျန်းမာရေးဌာန၊  ဘုရားကြီးကုန်း၊ ဒလပင်၊ အုတ်တွင်း၊ ထမင်းပေါင်း၊ တောကျယ်၊ လက်ပံပင်၊ ကျောက်ကူလေး၊ ကျောက်ကူပြင်၊ ရေချမ်းပြင်နှင့် သစ္စေးကုန်းကျေးလက်ကျန်းမာရေးဌာနခွဲတို့မှ ကျန်းမာရေးဝန်ထမ်းများသည် ဌာနပိုင် ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ပြီး Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ပျံ့နှံ့ပုံ၊ ကာကွယ်ရန်နည်းလမ်းများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာ ပေးခြင်းကို Hand Speaker များဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်လျက်ရှိပါသည်။

More Tags