ဆီဆိုင်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေး

ဆီဆိုင်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃၀ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ လက်ဘေးအကြော်ဆိုင်များ၊ အသုပ်ဆိုင်များနှင့် မြို့မဈေးအတွင်း ဖွင့်လှစ်သည့်ဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် Covid-19 ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များနှင့် မြို့နယ် စည်ပင် သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

 

     ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်ဇင်ထွန်း၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦး၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက Covid-19 ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းချက်များအတိုင်း လိုက်နာမှု၊ လျော့ရဲမှုမရှိအောင် အသိပညာပေးရှင်းလင်းခြင်း၊ စားသောက်ဆိုင်များတွင် တွေ့ရှိရသည့် ပြုပြင်ရန်လိုအပ်ချက်များအား ဆောင်ရွက်ရန် မှာကြား ခြင်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

More Tags