စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များအား Mobile Tablet အသုံးပြု၍ မွမ်းမံသင်တန်းပို့ချခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်းကျင်းပပြုလုပ်

မုံရွာမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၀) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတို့တွင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) များအား Mobile Tablet အသုံးပြု၍ မွမ်းမံသင်တန်းပေးရန်အတွက် ဆရာဖြစ်သင်တန်းကို ၂၀၂၀ ပြည်နှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့ နံနက် (၉) နာရီတွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို (၂၀.၇.၂၀၂၀) မှ (၂၂.၇.၂၀၂၀) ရက်နေ့အထိ (၃) ရက်တာ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။ အခမ်းအနားကို တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာချစ်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး မုံရွာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ရောဂါနှိမ်နင်းရေး) ဒေါက်တာညိမ်းညိမ်းအေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းသည် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ပိုမိုနားလည် သဘောပေါက်စေရန် ရည်ရွယ်ပြီး Mobile Tablet များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုမြှင့်တင်ရန်ရည်ရွယ်ပါသည်။ မြို့နယ် အသီးသီးတွင်လည်း မွမ်းမံဆင့်ပွားသင်တန်းများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်းသိရပါသည်။

More Tags