ရမည်းသင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများအား ကိုဗစ်ဆိုင်ရာစည်းကမ်းချက်များ (check list) လိုက်နာမှု ရှိ / မရှိ အဖွဲ့စုံဖြင့်စစ်ဆး

ရမည်းသင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၂ ရက်

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်ရာ  (၂၁.၇.၂၀၂၀) နေ့ကစတင်၍ မြို့နယ်တွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများအနက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်ဆိုင်ရာစည်းကမ်းချက်များ (check list) လိုက်နာမှု ရှိ / မရှိ အဖွဲ့စုံဖြင့် စစ်ဆေးကာ A,B,C အဆင့်သတ်မှတ်ချက်များအနက် ဖွင့်ခွင့်ပေးထား သော (A) အဆင့်ရ ကျောင်းများဖြစ်သည့် မြို့လှ အ.ထ.က၊ ပျားစီ အ.ထ.က၊ မြိုင်သာယာ အ.ထ.ကခွဲ၊ ဆည်ကန်အ.ထ.က၊ ကန်ဦးအ.ထ.ကခွဲ ကျောင်းများသို့ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီး ဌာနမှူးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကိုယ်စားလှယ်တို့သည် သွားရောက်စစ်ဆေးခဲ့ကြရာ -

 

-ကျောင်းအတက်အဆင်းတွင် အပူချိန်တိုင်းတာကာ မှတ်တမ်းရေးသွင်းထားခြင်း ရှိ/မရှိ၊

- တစ်ခန်းလျှင် ကျောင်းသား/သူ၂၀နူန်းကို social distancing နှင့်အညီ နေရာချထားမှု ရှိ/မရှိ၊ အလယ်မှ ကာရံထားခြင်းရှိ/မရှိ၊

- ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ Mask/face shield ကို စနစ်တကျ တပ်ဆင်ထားမှု ရှိ/မရှိ

- လက်ဆေးဘေစင်များ စနစ်တကျ တပ်ဆင်ထားမှုရှိမရှိ

- မိမိတယောက်စာ ထမင်းဘူး၊ ရေဘူးများ ယူဆောင်လာခြင်း ရှိ/မရှိ စားသောက်မှုအနေအထား

- ကျောင်းတက်/ကျောင်းဆင်းရာတွင် social distancing နှင့်အညီပြင်ဆင်ထားမှု ရှိ/မရှိ

- ထမင်းစားချိန် သတ်မှတ်ထားမှု၊ နေရာထိုင်ခင်း ပြင်ဆင်ထားမှု

- Isolation room ပြင်ဆင်ထားမှုများ

- ရေအိမ်၊ အပေါ့ခန်းသုံးစွဲမှုအနေအထားတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်ဆိုင်ရာစည်းကမ်းချက်များ အထူးအလေးထား လိုက်နာကြရန် အသီးသီး မှာကြားခဲ့ပါသည်၊၊

(A)အဆင့် ဖွင့်ခွင့်ပေးထားသည့်(၁၉)ကျောင်းအနက် ယနေ့အထိ (၁၂) ကျောင်းကို သုံးရက်ဆက်တိုက်အဖြစ် ရှောင်တခင် ကွင်းဆင်းစစ်ဆေးပြီးခဲ့ပါသည်။

 

 
 

More Tags