ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကွင်းဆင်းကြီးကြပ်

ပူတာအို၊၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၁) ရက်

     ပူတာအိုခရိုင်အတွင်းရှိ “A” အဆင့်သတ်မှတ်ချက်ရရှိခဲ့သည့် ပူတာအိုမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်းနှင့် မချမ်းဘော့မြို့ရှိ အခြေခံပညာအထက်ကျောင်း(၃) ကျောင်းတို့ကို ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂၁- ၇-၂၀၂၀) ရက်နေ့မှ (၂၄-၇-၂၀၂၀) ရက်နေ့အထိ ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာလှိုင်လှိုင်ဌေးနှင့် ဒေါ်မိုးမိုးမမအေး (ပြည်နယ်အာဟာရလေ့ကျင့်ကွပ်ကဲရေးဌာန) တို့မှ ကြီးကြပ်စစ်ဆေးခဲ့ပါသည်။

More Tags