မောက်မယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် COVID-19 နှင့်ပတ်သက်၍ ကျန်းမာရေးပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မောက်မယ်မြို့၊ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ (၂၄)ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် အခြေခံပညာ အထက်တန်းကျောင်းတွင် COVID-19 နှင့်ပတ်သက်၍ ကျန်းမာရေး ပညာပေးခြင်းကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြမြသန်းက စာသင်ကျောင်းများတွင် လိုက်နာရန်အချက်များ ၊ မိဘများနှင့် ပညာရေးဝန်ထမ်းများ လိုက်နာရန်အချက်များကို ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ အလယ်တန်းနှင့် မူလတန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရန် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးကြရန်နှင့် ကျောင်းတွင်းကြီးကြပ်မှု ညွှန်ကြားချက်များနှင့် အပတ်စဉ်စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများမှ ကျောင်းသူကျောင်းသားများအား စနစ်တကျ လက်ဆေး နည်း၊ Mask တပ်နည်းများ ပညာပေးဟောပြော လေ့ကျင့်သင်ကြား ပေးခဲ့ကြပါသည်။

 

 

More Tags