ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းအား သရက်မြို့နယ်အတွင်း ကွင်းဆင်းကြီးကြပ် ဆောင်ရွက်

သရက်မြို့၊၂၀၂၀ပြည့်နှစ်၊ဇူလိုင်လ(၁၅)ရက်

     မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ်တွင် (၈-၇-၂၀၂၀)ရက်နေ့မှ (၁၇-၇-၂၀၂၀) ရက်နေ့ထိ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးသန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းအား (၁၇) ကြိမ် မြောက်အဖြစ် ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်မှုအား (၁၅-၇-၂၀၂၀)ရက်နေ့၌ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (တီဘီ/ အနာကြီး/ မျက်မမြင်နှင့် မျက်ခမ်းစပ်) ဒေါက်တာ စည်သူအောင်၊ သရက်ခရိုင် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ညွန့်ရွှေအောင်၊ ဗဟို (ရ၊ပ၊က၊န) မှ ဒေါက်တာအောင်မွန်၊ မကွေးတိုင်း (ရ၊ပ၊က၊န) မှ ဒေါက်တာကြည်သာဆွေတို့မှ သရက်မြို့နယ် အုန်းပင်လှကျေးရွာနှင့် သရက်မြို့ပေါ် ပြည်တော်အေး ရပ်ကွက်များ၌ ဆင်ခြေထောက်‌ ရောဂါသန်ချဆေးပေါင်း တိုက်ကျွေးပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ကြရာတွင် သရက်မြို့နယ် (ရ၊ပ၊က၊န) ဝန်ထမ်းများ၊ အခြေခံ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုစေတနာ့ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

 

 

More Tags