ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးသည့်နေရာများသို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကွင်းဆင်းကြီးကြပ်

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၃) ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး ဦးဆောင်သောအဖွဲ့သည် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးနေသည့် အခြေခံကျန်းမာရေးဝန်ထမ်းများအား သွားရောက်ကွင်းဆင်းကြီးကြပ်၍ အားပေးစကားပြောကြားခဲ့ပါသည်။

 

     ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ကာကွယ်ဆေးတိုက်ကျွေးနေသည့် အခြေခံကျန်းမာရေး ဝန်ထမ်းများအား ဆေးတိုက်ကျွေးမည့်သူများကို စနစ်တကျနားလည်အောင်ရှင်းပြပေး၍ တိုက်ကျွေးစေရန်နှင့် တိုက်ကျွေးမည့်သူများ ကျန်လပ်ခဲ့ခြင်းမရှိအောင်ဆောင်ရွက်သွားရန်၊ မိုးထဲလေထဲတိုက်ကျွေးနေရခြင်း၊ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေရသည့် အချိန်လည်းဖြစ်နေခြင်းကြောင့်ပင်ပန်းနေသည်ကိုလည်း နားလည်ခံစားပေးနိုင် ပါကြောင်း၊ မဖြစ်မနေလုပ်ဆောင်ရမည့်လုပ်ငန်းဖြစ်သည့်အတွက် ထပ်မံကြိုးစားဆောင်ရွက် သွားရန် အားပေးတိုက်တွန်းစကားပြောကြားခဲ့ပါသည်။

More Tags