လှိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ် ကျန်းမာရေး ဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၆ ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလုပ်ငန်းများ အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ အဆိုပါလုပ်ငန်းများတွင် ကိုယ်ဝန်ဆောင်များအား သွေးပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ ပေါင်ချိန်ပေးခြင်း၊ မိခင်မှကလေးသို့ HIVကူးစက်မှု ကာကွယ်ရေး စုံတွဲသွေးဖောက်စစ်ဆေးပေးခြင်း၊ သွေးအားနည်းခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကိုယ်ဝန်ဆောင်ဆစ်ဖလစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်စစ်ဆေးပေးခြင်း၊ကိုယ်ဝန်ဆောင် အားဆေးများပေးခြင်း၊ အန္တရာယ်ရှိသော ကိုယ်ဝန်ဆောင်များ ဖော်ထုတ်ပေးခြင်းနှင့် ကိုယ်ဝန် ဆောင် အာဟာရပညာနှင့် မိခင်ကလေးကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အခြေခံကျန်းမာရေးပညာရှင်များက ဆောင်ရွက်ခဲ့ပါသည်။

More Tags