ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် Larva Control ပြုလုပ်ဆောင်ရွက်ခြင်း

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃ ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃) ရက်နေ့ ၊ နံနက် (၉:၀၀) နာရီမှစတင်၍ အ.လ.က(၂)၊ အ.မ.က(၁၁)၊ အ.မ.က(၁၅) နှင့် မြို့မဂုဏ် ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ Abate ဆေးခတ်ခြင်းများ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများအား ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းစဉ်အား ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းနိုင်၏ လမ်းညွှန်မှုဖြင့်  ကျောင်းကျန်းမာရေးအဖွဲ့မှ မြို့နယ်သူနာပြုဆရာမကြီး ဒေါ်ခိုင်ခိုင်မိုး၊ သူနာပြု ဒေါ်နန်းယဉ်နွယ်ဝင်းနှင့် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်စန္ဒာဦးတို့နှင့်အတူ ပညာရေးမိသားစုမှ ကျောင်းအုပ်ကြီးများ နှင့်တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။

 
 

More Tags