မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းယာဉ်ရပ်နားစခန်း၌ ဆေးခန်းသစ် ဆောက်လုပ်နေမှုအား တိုင်းကျန်းမာရေးဉီးစီးဌာနမှူး ကွင်းဆင်းကြည့်ရှု

ရန်ကုန်မြို့၊၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၄) ရက်

     (၄.၇.၂၀၂၀) ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝင်း ယာဉ်ရပ်နားစခန်း၌ ဆေးခန်းအသစ် တည်ဆောက်မှုအခြေအနေများအား ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ဦးဆောင်သောအဖွဲ့နှင့် အောင်မင်္ဂလာအဝေးပြေးဝင်း ဆေးခန်းရှိတာဝန်ခံများမှ ဆေးခန်းအသစ် ဆောက်လုပ်နေမှုများ၊ ဆေးခန်းဖွင့်လှစ်ရန် နေရာပြင်ဆင်မှုများ၊ လိုအပ်ချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်ရန်နေရာများ စသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး ကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။

More Tags