ပေါင်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ဥတ္တံတားကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်

ပေါင်မြို့၊၂၀၂၀ပြည့်နှစ်၊ဇူလိုင်လ(၄)ရက်

     ပေါင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများပြားလာသည့်အတွက် ဇူလိုင်လ(၄)ရက်နေ့တွင် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ရောဂါနှိမ်နင်းရေး)ဦးဆောင်၍ ပြည်နယ်(ရ.ပ.က.န)အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသအာဏာပိုင်များ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါ အဖြစ်များသော မြို့ပေါ်ရပ်ကွက်များနှင့် ဥတ္တံတားကျေးရွာတို့တွင် ခြင်လောက်လန်းနှိမ်နင်းရေး (ဖုံး၊သွန်၊တိုက်ချွတ်၊လဲ ၊စစ်)နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းကို အိမ်ခြေ (၁၅၀၀)၊ လူဦးရေ (၉၃၅၀) အား ဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

 


     ထို့နောက်ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာသံလွင်အောင်နှင့် ပေါင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ကြည် တို့သည် ပေါင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ပြင်ပဆေးကုခန်း ဆရာဝန်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့တာဝန်ခံများ စုစုပေါင်း (၄၈)ဦးနှင့် တွေ့ဆုံ၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

 

More Tags