ဆီဆိုင်မြို့တွင်၊ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဆီဆိုင်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဇူလိုင် ၃ ရက် နံနက် ၈ နာရီခွဲက အသက် (၂) လမှ (၂) နှစ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ပုံမှန်ကာကွယ်ဆေးထိုးပေးရာတွင် အသက် (၂) နှစ်အောက်ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့် ကာကွယ်ဆေး(၁၂)မျိုးကို ထိုးနှံပေးခြင်း၊ ကလေးကိုယ်အလေးချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

More Tags