မိုးကောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနများသို့ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်း ဆောင်ရွက်

မိုးကောင်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃) ရက်

     ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာလှိုင်လှိုင်ဌေးဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဆရာမကြီး (အာဟာရ) ဒေါ်သီသီလွင် တို့ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် မိုးကောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေမှုကို ၂၀၂၀ ပြည့်နှစ် ဇွန်လ (၃၀)ရက်နေ့မှ ဇူလိုင်လ (၂) ရက်နေ့အထိ ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။

 

     ထိုသို့ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မိုးကောင်းမြို့နယ်အတွင်းရှိ ပင်းဘောကျေးလက်ကျန်းမာရေးဌာန၊ နမ္မတီးကျေးလက်ကျန်းမာရေးဌာနများနှင့် အဆိုပါ ကျေးလက်ကျန်းမာရေးဌာနများအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများသို့ သွားရောက်၍ ကိုယ်ဝန်ဆောင်မိခင်များစောင့်ရှောက်ထားရှိမှုအခြေအနေ၊ မီးတွင်းကာလအတွင်း စောင့်ရှောက်ထားရှိမှုအခြေအနေ၊ နှစ်နှစ်အောက်ကလေးငယ်များတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လတ်တလောအာဟာရချို့တဲ့သော ကလေးများကို ရှာဖွေဖော်ထုတ်၍ RUTF ဖြင့်တိုက်ကျွေးအာဟာရစောင့်ရှောက်မှုအခြေအနေတို့ကို စစ်ဆေးမှု ပုံစံများဖြင့် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါကွင်းဆင်းကြီးကြပ်ခြင်း ခရီးစဉ်တွင် မိုးကောင်းမြို့နယ်မှ ကျန်းမာရေးမှူးအဆင့်(၁) ဦးလကြုံဘရန်၊ မြို့နယ်သူနာပြုဆရာမကြီး ဒေါ်တင်မာဝေနှင့် မြို့နယ်သူနာပြုဆရာကြီး ဒေါ်ညွှန့်ညွှန့်ရီ တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

More Tags