စစ်တွေမြို့တွင် Training for Public Health Supervisor 2 သင်တန်း(ဒုတိယအကြိမ်) ကျင်းပပြုလုပ်

စစ်တွေမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂) ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ (၃) ၌ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် Training for Public Health Supervisor 2 သင်တန်း(ဒုတိယအကြိမ်)ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ကျန်းမာရေးမှူးများ၊ ဦးစီးအရာရှိများနှင့် (၁၇) မြို့နယ်မှ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များတက်ရောက်ကြပြီး သင်တန်းကို (၂-၇-၂၀၂၀ မှ ၄-၇-၂၀၂၀)နေ့အထိ ပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ဆရာ/ဆရာမများက သင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။

More Tags