ပခုက္ကူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပခုက္ကူမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂) ရက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်ကျန်းမာရေးဌာန ကြောင်ပန်းခုံရပ်၌ (၂- ၇-၂၀၂၀) ရက်နေ့တွင် လူနာအိမ်အခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ပခုက္ကူခရိုင် (ရ၊ ပ၊ က၊ န) ဝန်ထမ်းများ၊ မြစ်ခြေတိုက်နယ်ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

 

     ထိုသို့ဆောင်ရွက်ကြရာတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရာ လူနာအိမ် အခြေပြု၍ ကိုက် ၁၀၀ အချင်း ပတ်လည် ခြင်ဆေးမှုတ်၍ ကူးစက်မှု ဖြတ်တောက်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်လောက်လန်း နှိမ်နင်းရေးလုပ်ငန်းများ၊ Abate ဆေးခတ်ခြင်း လုပ်ငန်းများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ၊ Fever Surveillance လုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

More Tags